Saturday, August 2, 2014

transcendence (2014) မြန်မာစာတန်းထိုး

ဇာတ်ကားအမည် ၊ transcendence (2014)

ဒါရိုက်တာအမည် ၊ Wally Pfister

Download

အရည်အသွေး ၊ အကြည်




     ဒီနေ့တော့ ၂၀၁၄ခုနှစ်ထဲမှာထွက်ထားတဲ့ Sci-fiction ဇာတ်လမ်းကောင်းလေးတစ်ကားရဲ့ မြန်မာစာဖိုင်ကိုတင်ပေးပါ့မယ်။ ဇာတ်လမ်းနာမည်ကတော့ TRANSCENDENCE ပါ။ ဟောလီးဝုဒ် ရဲ့နာမည်ကြီးမင်းသား Johnny Depp ၊ နာမည်ကြီးမင်းသမီး Rebecca Hall ၊ နာမည်ကြီး ဇာတ်ပို့ မင်းသားကြီး Morgan Freeman တို့ ပါဝင်သရုပ်ဆောင် ထားထဲက ဒီကား ဘယ်လောက်ကောင်းမယ်ဆိုတာ ခန့်မှန်းမိလောက်မှာပါ။ တကယ်လည်းကောင်းပါတယ်။ ဇာတ်လမ်း အကျဉ်းကို အနည်းငယ်မိတ်ဆက်ပေးရမယ်ဆိုရင် -Dr. Will Caster နဲ့ Evelyn တို့ ဇနီးမောင်နှံဟာ သူငယ်ချင်းဖြစ်သူ Max Waters နဲ့ အတူ PINN လို့ ခေါ်တဲ့ A.R ဥာဏ်စွမ်းရည်တုရှိတဲ့ ကွန်ပျူတာတစ်လုံးကိုတီထွင်ခဲ့ပါတယ်။ Pinn ဟာ သူ့ဆီမှာ ရှိတဲ့ အချက်အလက် အကုန်လုံးကို လျှင်မြန်စွာ တွက်ချက်ပြီး အဖြေထုတ်နိုင်ပေမယ့် ကိုယ်ပိုင်အသိဥာဏ် ဖြင့် စဉ်းစားဆင်ခြင်နိုင်တဲ့ အဆင့်ထိတော့ မရသေးပါဘူး။ နည်းပညာရပ်ဆိုင်ရာ Semena တခုမှာပဲ Will Caster (Johnny Depp) ဟာ လုပ်ကြံခံခဲ့ရပြီး သူ့ရဲ့တခြားသော A.R Team တွေအကုန်လုံးလဲ လုပ်ကြံသတ်ဖြတ်ခံလိုက်ရပါတယ်။ အရာအားလုံးသိမြင်နိုင်တဲ့ လူသား မဟုတ်သော စက်ပစ္စည်းကို မလိုလားတဲ့ လူတစုကြောင့်ဆိုပါတော့… သူတို့ကတော့ "Revolutionary Independence From Technology" (R.I.F.T.) ......
လုပ်ကြံခံရပြီးနောက်မှာ Will Caster ဟာ လအနည်းသာ အသက်ရှင်နေထိုင်နိုင်တော့မှာပါ… သူလေ့လာနေတဲ့ ရှာဖွေနေတဲ့ နည်းပညာတွေအကုန်လုံးကို စွန့်လွှတ်ရတော့မယ့်အချိန်.. PINN ကိုလဲ Sutdown လုပ်လိုက်ပါပြီ….ဒါပေမယ့် သူ့ဇနီး နဲ့ သူငယ်ချင်းဖြစ်သူတို့ကတော့ လက်မလျှော့နိုင်ခဲ့ဘူး......Codingတွ Password တွေ နဲ့ ပြည့်နှက်နေတဲ့ Will Caster ရဲ့ မှတ်ဥာဏ်တွေကို ချိတ်ဆက်ဖို့ကြိုးစားရင်းနဲ့ Will Caster ဟာ သေဆုံးသွားခဲ့တယ်.. ဒါပေမယ့် Will Caster ဟာသေဆုံးသွားပေမယ့် Virtual world ထဲမှာ ရှင်သန်သွားနိုင်ခဲ့ပါတယ်…. သူကိုယ်တိုင် စဉ်းစားဆင်ခြင်နိုင်တယ် … ပြင်ဆင်နိုင်တယ်… တွက်ချက်နိုင်တယ်… တီထွင်နိုင်တယ်…
ဒါကို Max Waters ကတော့ လက်မခံနိုင်ပေမယ့် Evelyn အတွက်ကတော့ အကြီးမားဆုံးသော နည်းပညာဆိုင်ရာအောင်မြင်မှုကြီးပါပဲ …
Evelyn ကိုတားဆီးရာမှ စိတ်အခန့်မသင့်ပဲစကားများပြီး Max Waters ဟာ တယောက်တည်း ထွက်လာခဲ့ရာမှ (R.I.F.T.) ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပါတယ်…
R.I.F.T ရဲ့ ခေါင်းဆောင် Bree နဲ့ တွေ့ဆုံပြီးနောက် Max တယောက် R.I.F.T နဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်… 
တချိန်ထဲမှာပဲ Virual Human ဖြစ်နေတဲ့ Will Caster ဟာ အကြမ်းဖက်သမားတွေကို ဖော်ထုတ်သတင်းပေးတာကြောင့် R.I.F.T အဖွဲ့ ဝင်အတော်များများ အဖမ်းခံလိုက်ရပါတယ် ..

Virtual World ထဲက လူသား Dr. Will Caster ဟာ ဇနီးဖြစ်သူ Evelyn ရဲ့ အကူအညီနဲ့ နည်းပညာမြို့ တော် Brightwood ကို တည်ဆောက်ပြီး နည်းပညာသစ်တွေကို တီထွင်ကြံဆရင်းမှ ......
ဘာတွေဆက်ဖြစ်လာမလဲ ...... ဆိုတာကိုယ်တိုင်ပဲကြည့်ရှုခံစားကြည့်ကြပါ။ IMDB မှာလည်း Rating 6.4 ရထားပါတယ်။စိတ်ဝင်စားလို့ မြန်မာစာတန်းထိုးနဲ့  ကြည့်ချင်တယ်ဆိုရင်တော့ မြန်မာစာတန်းထိုးဖိုင်ကို အောက်မှာ ဒေါင်းလိုက်ပါ။ အားလုံးကိုကျေးဇူးတင်ပါတယ်။

(ရုပ်ရှင်ဇာတ်လမ်းအညွှန်းအား www.mmmovieguide.com မှမှီညမ်းကိုးကားပါသည်။)

Srt By :တင်အောင်ဖြိုး



2 comments:

  1. Firedrive နဲ့တင်ပေးပါလား please

    ReplyDelete
  2. Down မရဘူး firedriveနဲ့တင်​​ပေးပါလား ​ကျေးဇူးတင်​ပါတယ်

    ReplyDelete