Saturday, August 2, 2014

Mr.Peabody & Sherman (2014) မြန်မာစာတန်းထိုး

ဇာတ်ကားအမည် ၊ Mr.Peabody & Sherman

ဒါရိုက်တာအမည် Rob Minkoff

Download

အရည်အသွေး ၊ လုံးဝအကြည်



   စကားပြောတဲ့ ခွေးကလေး Mr. Peaboby ဟာတစ်ကမ္ဘာလုံးမှာ အထက်မြက်ဆုံးသတ္တ၀ါဖြစ်ပြီး Sherman ဆိုတဲ့မွေးစားထားတဲ့ကောင်လေးရှိပါတယ်။ Sherman ဟာအတန်းဖေါ်ကောင်မလေး Penny Peterspon နဲ့မပြေလည်တာကြောင့် ကလေးမွေးစားတဲ့ ကိစ္စတွေကိုကြီးကြပ် တဲ့ အေဂျင်စီ က နောက်ထပ်ပြသနာဖြစ်ရင် Sherman ကိုပြန်ခေါ်မှာဖြစ်ကြောင်း Peabody ကိုအကြောင်းကြားပါတယ်။ သူတို့နှစ်ယောက် ကို ပြေလည်စေဖို့ Peabody က Peterson မိသားစုကို အိမ်လာလည်ဖို့ ဖိတ်လိုက်တဲ့အခါမှာတော့ Sherman ဟာ Penny ရဲ့အထင်ကြီးမှုကိုရရှိဖို့အတွက် Peabody တီထွင်ထားတဲ့ အချိန်ယန္တရားကြီးကိုအသုံးပြုလိုက်တဲ့အခါမှာတော့ အခြေအနေတွေ ရှုပ်ထွေးလာပါတော့တယ်.....

Sherman ရဲ့ဇာတ်ရုပ်ကိုချစ်စရာကောင်းအောင်ဖန်တီးထားတာ အောင်မြင်ပါတယ်... မေတ္တာတရားရဲ့ တန်ဖိုးကိုပြထားသလို ဟာသလေးတွေကိုလဲ  Standard ရှိရှိဖန်တီးထားပါတယ် Time Machine နဲ့ခရီးသွားပြီး ဟာသလေးတွေဖန်တီးရာမှာ သမိုင်းနဲ့ပတ်သတ်တဲ့အသိအမြင်လေးတွေ ရှိခဲ့ရင် ပိုပြီးဟာသမြောက်မယ်လို့ ယူဆပါတယ်...  ကာတွန်းကားဆိုပေမယ့် ဒီဇာတ်ကားမှာ သုံးသွားတဲ့ အယူအဆတွေဟာ ယနေ့ခေတ်သိပ္ပံပညာရှင်တွေ ကြံဆနေတဲ့(အထူးသဖြင့် အိုင်းစတိုင်း) အယူအဆတွေနဲ့ ထပ်တူကျပါတယ်... ယုတ္တိရှိတဲ့ အယူအဆတွေကိုအခြေခံပြီး ဟာသဆန်ဆန် ဖန်တီးထားတဲ့ Animation ဇာတ်ကားကောင်းတစ်ကားပါ... မိသားစုနဲ့ကြည့်ဖို့ အထူးသင့်လျော်တဲ့ ဇာတ်ကားတစ်ကား ပါခင်ဗျာ... 

(မြန်မာစာတန်းထိုးရေးသားခဲ့တဲ့ ခင်မင်ရသောညီလေး ကသာသားလေး ကိုကျေးဇူးတင်ရှိကြောင်းပါ) 


Srt By မြန်မာစာတမ်းထိုးဘလော့

No comments:

Post a Comment