Friday, August 15, 2014

The Warriors Way (2010) မြန်မာစာတန်းထိုး

ဇာတ်ကားအမည် ၊ The Warriors Way

ဒါရိုက်တာအမည် Sngmoo Lee

Download

အရည်အသွေး ၊ လုံးဝအကြည်



ဒီနေ့ တော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒါရိုက်တာရင် လို့ လူသိများတဲ့ ကိုရီးယားမင်းသား Jang Dong-gun နဲ့  Hollywood မင်းသမီး Kate Bosworth တို့ ခေါင်းဆောင်ပါဝင်ထားတဲ့ The Warrior's Way ဆိုတဲ့အက်ရှင် ဇာတ်လမ်းလေးတစ်ပုဒ်ရဲ့ မြန်မာစာတန်းထိုးဖိုင်ကို တင်ပေးချင်ပါတယ်။
ဒီကားလေးကတော့ Warrior (စစ်သည်တော်) အဖြစ်အစွမ်းကုန်လေ့ကျင့်ပေးခံထားရတဲ့ Jang Dong-gun (ဒါရိုက်တာရင်) ဟာအလွမ်းပုလွေဆရာများအဖွဲ့ရဲ့ အကောင်းဆုံးဓါးသမားတစ်ယောက်ပေါ့။ သူ့ဘ၀မှာ အပြီးမြောက်ချင်ဆုံး ဆန္ဒတစ်ခုဖြစ်တဲ့ သမိုင်းတစ်လျှောက် အတော်ဆုံးဓါးသမားကို အနိုင်ယူတိုက်ခိုက်နိုင်ဖို့ ဆိုတဲ့ဆန္ဒလည်း ပြည့်ဝသွားတဲ့နောက် သူ့ဘ၀ဟာ ရည်ရွယ်ချက် မရှိတော့သလိုဖြစ်သွား ပါတယ်။ ဒါပေမယ့် ဖြစ်ချင်တော့ အဲဒီအချိန်မှာပဲ သူ့ ဟာ သူ့ အဖွဲ့ ကချမှတ်ထားတဲ့ သံမဏိစည်းမျဉ်းတစ်ခုကို ချိုးဖောက်မိပါတော့တယ်။ အဲဒီစည်းမျဉ်းက ဘာလဲဆိုတော့ ရန်သူတွေကိုနှိမ်နင်းတဲ့အခါမှာ ကျူပင်ခုတ်ကျူငုတ်မကျန် နှိမ်နင်းဖို့ပါပဲ။ သူဟာ သူ့ ရန်သူဓါးသမားကို သတ်ပစ်နိုင်ပေမယ့် ရန်သူရဲ့ကလေးကို မသတ်ပစ်ရက်လို့  ကယ်တင်လိုက်ပါတော့တယ်။ ကလေးလေးကို ကယ်တင်ပြီး ဒီမှာဆက်ပြီးနေဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့မှန်းသိလို ဒါရိုက်တာရင် ဟာ သူ့သူငယ်ချင်းဟောင်း    တစ်ယောက်ရှိတဲ့ ဟိုးအဝေးတိုင်းပြည်တစ်ခုကို ကလေးလေးနဲ့ ထွက်သွားပါတော့တယ်။ သူထွက်သွားခဲ့ပေမယ့် သူ့အဖွဲ့ထဲမှာတော့ ဒီလုပ်ရက်ကို ဘယ်လိုမှ လက်မခံနိုင်ဘူး။ ဒါနဲ့ ပဲ အဖွဲ့ အစည်းဟာ ဒါရိုက်တာရင် ရှိတဲ့ဆီကို အဖွဲ့ ရဲ့အကောင်းဆုံးဓါးသမားတွေ လွှတ်ပြီး ကလေးကို သတ်ဖြတ်ဖို့ ကြိုးစားကြပါတော့တယ်။ ကလေးကိုသံယောဇဉ် တွယ်မိသွားတဲ့ ဒါရိုက်တာရင်ကလည်း ကာကွယ်ဖို့ ကြိုးစားရင်း .........

ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ရှုခံစားကြည့်လိုက်ကြပါ။ ဒါနဲ့ ဒါရိုက်တာ ရင် ထွက်သွားတဲ့နေရာက မင်းသမီး လင်း (Kate Bosworth) ရှိတဲ့ Western Europe ကိုပါ။ အဲဒီမှာလည်း လင်းရဲ့ သီးသန့် Story တစ်ပုဒ်က ရှိပါသေးတယ်။ ပြသချိန် ၁နာရီ ၃၀မိနစ် ကြာမြင့်ပြီး ကြည့်လို့ ကောင်းတဲ့ ဇာတ်လမ်းတစ်ခုအဆင့်မှာရှိပါတယ်။ ဒါရိုက်တာရင် ပရိသတ်တွေရော၊ အက်ရှင်ကား/သိုင်းကား ပရိသတ်တွေပါ ကြည့်ကြဖို့ ညွှန်းချင်ပါတယ်။ အချိန်ပေးရကြိုးနပ်မှာပါ။ 

ကိုတင်အောင်ဖြိုးရဲ့ မြန်မာစာတန်းထိုးနိုင်ငံခြား ဇာတ်လမ်းများ Page မှ စာအရေးအသားကို ပြန်လည်ဖော်ပြထားပါသည်။



No comments:

Post a Comment