Saturday, August 16, 2014

Divergent (2014) မြန်မာစာတန်းထိုး

ဇာတ်ကားအမည် ၊ Divergent

ဒါရိုက်တာအမည် Neil Burger

အရည်အသွေး ၊ လုံးဝအကြည်

စာတန်းထိုးကိုမိုးကျော်


 ဒီဇာတ်ကားကတော့့ စိတ်ဝင်စားဖို့ကောင်းပါတယ်။  ဇာတ်လမ်းအကျဉ်းကတော့ ကမ္ဘာစစ်ကြီးဖြစ်အပြီးမှာ ကျန်ခဲ့တဲ့ မြို့တစ်မြို့ကို အခြေခံပြီးရိုက်ထားပါတယ်။ အဲ့ဒီမြို့ကို လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်က စစ်ဘေး လွတ်ခဲ့တဲ့ သူတွေက တည်ထားခဲ့ပြီး၊ မြို့ကို ခြံစည်းရိုးကာထားပါတယ်။ မြို့ထဲမှာတော့ Abnegation (selfless), Amity (peaceful), Candor (truthful), Erudite (intelligent) and Dauntless (brave) ဆိုပြီး အုပ်စု တွေခွဲပြီး လူတွေကိုနေစေပါတယ်။  ဒီလို အုပ်စုတွေ ခွဲထားမှ တစ်ယောက်နဲ့တစ်ယောက်နဲ့ စစ်မဖြစ်ကြမှာလို့ ယူစကြပါတယ်။

Abnegation က အုပ်ချုပ်ရေးပိုင်းကိုတာဝန်ယူပြီး သူတို့အုပ်စုထဲက လူတွေက တစ်ကိုယ်ကောင်းမဆန် ကြပါဘူး၊ လူတွေကို ကူညီတယ်၊ သနားတတ်တယ်။

Amity ကတော့ လယ်သမားတွေ စိုက်ပျိုးရေးသမားတွေဖြစ်ပြီး၊ စားသောက်ကုန်တွေ ထုတ်ပေးရတယ် လို့ ယူဆရပါတယ်။ သူတို့ကတော့ အပျော်ရွှင်ဆုံး နဲ့ အပူအပင်ကင်းပါတယ်တဲ့။

Candor ကလူတွေကတော့ အမြဲတမ်းအမှန်စကားကိုပဲ ဆိုရပါတယ်။ သူတို့ကတော့ တရားစီရင်ရေး လုပ်တယ်လို့လည်း မှတ်ယူလို့ရပါတယ်။

Erudite ကတော့ သိပ္ပံညာရှင်တွေလို့ ဆိုလို့ရပါတယ်။

Dauntless ကတော့ ရဲ၊ စစ်သည်တွေဖြစ်ပြီး မြို့ကို ကာကွယ်ရေး၊ ဥပဒေစိုးမိုးရေး လုပ်တယ်လို့ ဆိုပါတယ်။

Divergent တွေကတော့ အုပ်စုတစ်စု တည်း မှာ မနေလိုသလို၊ အဲ့ဒီအုပ်စု က သတ်မှတ်သလို တစ်ခုတည်း ကိုပဲ မတွေးခေါ်တတ်ပါဘူး။ သူတို့က အရာအားလုံး ဖြစ်ချင်ကြတဲ့သူတွေပါ။ သတ္တိလည်းရှိချင်သလို၊ တကိုယ်ကောင်းလည်းမဆန်တတ်ပါဘူး။ သနားလည်းသနားတတ်သလို၊ ထက်လည်းထက်မြက်ကြပါတယ်။ အဲ့လိုလူတွေကို Divergent လို့ခေါ်ပါတယ်။

ဒီကားက Divergent ဆိုတဲ့စာအုပ်ကို ပြန်ပြီးရုပ်ရှင်ရိုက်ထားတာဖြစ်ပါတယ်။ Twilight လို အညံ့စား မဟုတ်သလို၊ Catching Fire ပထမကား လို ကလေးတွေကြီးပဲလည်း မဟုတ်ပါဘူး။ Harry Potter လို စိတ်ဝင်စားဖို့ ကောင်း ပြီး၊ ဇာတ်လမ်း ကောင်းတာကြောင့် နောက်ထပ် ဇာတ်လမ်းတွဲတွေ ကိုတောင် စောင့်မျှော်နေကြပါတယ်။ ၀တ္ထုကနေ ပြန်ရိုက်တဲ့ ကားတွေထဲမှာ အကောင်းဆုံးဖြစ်တဲ့ Lord of the Ring ကိုတော့ မမှီပေမယ့် တော်တော် ကောင်းတဲ့ကားလို့ပြောချင်ပါတယ်။

ရုပ်ရှင်အညွန်းကို http://hollywoodmoviesformyanmar.blogspot.com မှ ကိုးကားပါတယ်..
 
 
Download လုပ်ဖို့ အနီရောင် button ကိုနှိပ်ပြီး Movie ကြည့်ရန် အ၀ါရောင် button ကိုနှိပ်ပေးပါ.
 
 

1 comment:

  1. ကြည့်လို့မရဘူး ဗျားကူညီပါအုံးနော်

    ReplyDelete