Wednesday, July 30, 2014

Rush Hour (1998) မြန်မာစာတန်းထိုး

ဇာတ်ကားအမည် ၊ Rush Hour

ဒါရိုက်တာအမည် Brett Ratner

Download

အရည်အသွေး ၊ လုံးဝအကြည်

          


   ကျွန်တော်ငယ်ငယ်တုန်းက သိပ်ကြိုက်ခဲ့တဲ့ အာရှမင်းသားတစ်ယောက်ရှိတယ် ၊ အခုထိလည်း သူ့ ရဲ့ကားတွေကိုကြိုက်နေတုန်းပဲ၊ သူ့ ရဲ့ကားတွေမှာ အက်ရှင်၊အချစ်၊ဟာသ ရသစုံပါဝင်လို့  ကြည့်ရတာတန်တယ်လို့ တောင်ပြောလို့ ရပါတယ်၊ သူရိုက်ခဲ့သမျှကားတွေတိုင်းက မပေါက်တဲ့ ကားတစ်ကားမှမရှိဘူး (ကျွန်တော်က အကုန်ကြိုက်တာကိုး)၊ အခုနောက်ပိုင်း အသက်လေးကြီး လာတော့ အရင်လို သွက်သွက်လက်လက် အက်ရှင်ခန်းတွေ သိပ်မပါတော့ပေမယ့် အသက်အရွယ်နှင့် မလိုက်အောင်စွန့် စားခန်းတွေသူ့ ကားမှာတွေ့ နေရတုန်းပါပဲ၊ သူကအာရှမင်းသားတစ်လက်ဆိုပေမယ့် Hollywood ထိအောင်သူ့ နာမည်ကမွှေးပျံ့ခဲ့ပါတယ်၊ သူကတော့ ..... အားလုံးလည်း သိကြမှာပါ၊ ဂျက်ကီချန်းပါပဲ .......

အခု ဂျက်ကီချန်း နဲ့  Hollywood နာမည်ကြီးမင်းသား Chris Tucker ပါဝင်သရုပ်ဆောင်ထားပြီး အရမ်းလည်းပေါက်ခဲ့တဲ့၊ ကျွန်တော်လည်း အရမ်းကြိုက်တဲ့ RUSH HOUR ဆိုတဲ့ကားလေးရဲ့ မြန်မာစာဖိုင်ကို တင်ပေးပါ့မယ်။ ဇာတ်လမ်းက ထွေထွေထူးထူးတော့မဟုတ်ပါဘူး၊ အမေရိကန်မှာ တာဝန်ထမ်းဆောင်နေတဲ့ တရုတ်ကောင်စစ်ဝန်ရဲ့သမီးကို ပြန်ပေးဆွဲပြီး ပြန်ပေးသမားတွေက ပြန်ရွေးငွေ ဒေါ်လာသန်း ၅၀ တောင်းပါတယ်၊ အဲဒီအမှုကို F.B.I ကတာဝန်ယူဖြေရှင်းပေးမယ် လို့ ပြောပေမယ့် ကောင်စစ်ဝန်ကတော့ သူ့ သူငယ်ချင်း ဟောင်ကောင်က စုံထောက်အင်စပက်တာ လီ (ဂျက်ကီချန်း) ကိုအမေရိကန်ခေါ်ပြီး F.B.I တွေကိုကူညီဖို့ တောင်းဆိုပါတယ်။ 


F.B.I ကလက်မခံချင်ပေမယ့် နောက်ဆုံးမတတ်သာလို့ လက်ခံလိုက်ရပါတယ်၊ ဒါပေမယ့် လီ ကိုလည်း သူတို့ ရဲ့ကိစ္စမှာဝင်ပြီးတော့မကူညီစေချင်ဘူး၊ အဲဒီတော့ F.B.I စုံထောက်ခေါင်းဆောင်က L.A.P.D ကရဲတစ်ယောက်ကိုတောင်းပြီး အဲဒီရဲကို လီ သူတို့ ဆီမရောက်အောင် တစ်ခြားဟာတွေဆီပဲ အာရုံ စိုက်နေအောင် အာရုံလွှဲခိုင်းလိုက်ပါတယ်၊ L.A.P.D ကလည်း ဒီကိစ္စမှာ သူတို့ ဆီက ဘယ်သူနှင့်မှ အဆင်မပြေတဲ့ ကာတာ (Chris Tucker) ကိုတာဝန် ပေးလိုက်ပါတယ်၊ အဲဒီမှာပဲ 

  • လီ နှင့် ကာတာပေါင်းမိ သွားပြီး ကောင်စစ်ဝန်ရဲ့သမီးကို ပြန်ကယ်တင်ပေးနိုင်မလား ...
  • ကောင်စစ်ဝန်ရဲ့ သမီးကို ပြန်ပေးဆွဲသွားတဲ့သူက ဘယ်သူလဲ ... စသည်ဖြင့် ဇာတ်လမ်း အလှည့်အပြောင်း၊ အတက်အကျလေးတွေနဲ့ လီ နှင့် ကာတာတို့ ရဲ့ ဟာသဇာတ်ဝင် ခန်းလေးတွေပေါင်းစပ်ပြီး အရမ်းကောင်းတဲ့ အက်ရှင်၊ဟာသကား တစ်ကားဖြစ်လာပါတော့တယ်၊ မကြည့်ရသေး သူများ ကြည့်ဖြစ် အာင်ကြည့်ဖို့ တိုက်တွန်းပါရစေ၊ ကြည့်ပြီး သူများလည်း ထပ်ကြည့်ကြပေါ့၊ အရမ်းကောင်းပါတယ်။



No comments:

Post a Comment