Monday, July 28, 2014

Mama (2013) မြန်မာစာတန်းထိုး

ဇာတ်ကားအမည် ၊ Mama

ဒါရိုက်တာအမည် Andres Muschietti

Download

အရည်အသွေး ၊ လုံးဝအကြည်

ဇာတ်လမ်းအကျဉ်း 

     ဒီတစ်ခါ မိတ်ဆက်ပေးမယ့် ဇာတ်ကားနာမည်လေးကတော့ MAMA ဖြစ်ပါတယ်။ ဇာတ်အိမ်ခိုင်ခိုင်နဲ့ တည်ဆောက်ထားပြီး ပါဝင်ထားတဲ့ ဇာတ်ကောင်တွေကလည်း သရုပ်ပါလွန်းတာကို သင်ကိုယ်တိုင် ကြည့်ရှူပြီးရင် သဘောပေါက်လာပါလိမ့်မယ်။ဇာတ်လမ်းအကျင်းလေးကို အနည်းငယ် မိတ်ဆက်ပေးပါရစေ။ Stock ရှယ်ယာတွေရှုံးပြီး စိတ်ကျရောဂါရနေတဲ့ ဖခင်ဟာ ဇနီးဖြစ်သူနဲ့မိတ်ဆွေနှစ်ယောက်ကို သေနတ်နဲ့ပစ်သတ်ပြီး အရွယ်မရောက်သေးတဲ့ သမီးနှစ်ယောက်ကို ကားနဲ့ခေါ်ဆောင်သွားခဲ့ပါတယ်။ 

အဝေးပြေးလမ်းမပေါ်မှာ ကားအက်ဆီ့ဒန့်ဖြစ်ပြီး ချောက်တစ်ခုထဲ ကားတစ်စီးလုံးထိုးဆင်းသွားခဲ့ပါတယ်။ အသက်မသေခဲ့တဲ့ဖခင်ဖြစ်သူဟာ တောထဲက အိမ်ပျက်တစ်လုံးထဲ သမီးနှစ်ယောက်ကိုခေါ်ဆောင်သွားပြီးသေနတ်နဲ့ ပစ်သတ်မယ်အလုပ်မှာ တစ်စုံတစ်ခုရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ 

နောက်ငါး နှစ်အကြာမှာတော့ ပျောက်ဆုံးသွားတဲ့အစ်ကိုဖြစ်သူနဲ့ တူမနှစ်ယောက်ကို အသည်းအသန်ရှာဖွေနေတဲ့ ညီဖြစ်သူ လူးကပ်စ် ဒီးဆန့်ခ်ျဟာ တောထဲက အိမ်လေးမှာ ဒီညီအစ်မနှစ်ယောက်ကို ပြန်လည်တွေ့ ရှိခဲ့ပါတယ်။ လူတွေနဲ့ ၅ နှစ်လောက် အဆက်ဖြတ်နေခဲ့ရတဲ့ ဒီညီအစ်မနှစ်ယောက်ရဲ့ ပုံပန်းသဏ္ကန်နဲ့အပြုအမှူတွေဟာ မကောင်းဆိုးဝါးတွေလို ဖြစ်နေပါတယ်။ အဲဒါကိုပြုပြင်ဖို့ စိတ်ပိုင်းဆိုင်ရာဆရာဝန် နဲ့ ပြသတဲ့အခါမှာတော့မယုံကြည်နိုင်လောက်တဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပေါ်လာပါတယ်။ 

၅ နှစ်လုံးလုံး လူမရှိတဲ့တောထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးနှစ်ယောက် ဘယ်လိုအသက်ရှင်နေထိုင်ခဲ့သလဲ ၊ လူမရှိတဲ့အချိန်မှာ ပြုမှူတတ်တဲ့ သူတို့ရဲ့အပြုအမှူတွေ ၊ MAMA လို့ သူတို့ခေါ်နေတဲ့သူကဘယ်သူလဲ၊ ဒီအဖြေတွေကို အရင်ဆုံးသိရှိသွားတဲ့ စိတ်ရောဂါကု ဆရာဝန်ရဲ့ ကြောက်မက်ဖွယ် တွေ့ကြုံမှု ၊ကလေးနှစ်ယောက်အပေါ် တွယ်တာမိသွားတဲ့ လူးကပ်စ်ဒီးဆန့်ခ်ျရဲ့ ဇနီးကို သတ်ပစ်ဖို့ ကျိုးစားလာတဲ့ မကောင်းဆိုးဝါး တစ်ကောင် ရဲ့ နောက်ကြောင်းရာဇ၀င် ၊နောက်ဆုံးမှာတော့ မတူညီတဲ့ဘ၀နှစ်ခုကြားက သံယောဇဉ်နဲ့မေတ္တာ တရားကို ရုပ်ရှင်ကြည့်ပရိသတ်များ အတွက် ခပ်ပါးပါးလေးရိုက်ပြပေးထားပါတယ်။ 

ဒါကြောင့် ရုပ်ရှင် ဇာတ်ကားကောင်းကြိုက်ပရိသတ်များအတွက် MA MA ဆိုတဲ့ ဇာတ်ကားကောင်းလေးကို လမ်းညွှန်ပေးလိုက် ရပါတယ်။


Srt By : Tin Aung Phyo

No comments:

Post a Comment